နေပြည်တော် ဒီဇင်ဘာ ၂

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် “Kaiser” လိပ်ပြာပုံ (၂၀၀ကျပ်တန်) စာပို့ တံဆိပ်ခေါင်းသစ် တစ်မျိုးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၆) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း (၆) ရက် (သောကြာနေ့) နံနက် ၉နာရီ ခွဲမှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

 

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ(၆)ရက် (သောကြာနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်သည်။

 

သတင်းစဉ်