၇ သြဂုတ်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် လေဆိပ်အနီးတွင် ယနေ့မနက်စောပိုင်းက  အကြမ်းဖက်သမားအုပ်စု တစ်စုနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် သေကျေဒဏ်ရာရသူများ ရှိနိုင်ကြောင်း သတင်းအရင်းအမြစ်နှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အာဖဂန်အထူးစစ်ဆင်ရေးတပ်ဖွဲ့များက ကာဆာဗာ ဝန်းကျင်ဒေသ ရှိအစ္စလာမ့်နိုင်ငံတော် အကြမ်းဖက်ကွန်ရက်တစ်ခုကို ယနေ့ နံနက် စောစောပိုင်းက ဝင်ရောက်စီးနင်း ရှာဖွေတိုက်ခိုက်ခဲ့ကြသည်။ အဆိုပါ စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့များသည် လက်နက်ကိုင်အကြမ်းဖက်သမားများနှင့် အပြန်အလှန်အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်ဟု အမည်မဖော်လိုသည့် သတင်းအရင်းအမြစ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကဘူးလ်မြောက်ပိုင်းတွင် ယမန်နေ့ညနေပိုင်းက လမ်းဘေးဗုံးဖောက်ခွဲမှုကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့မှု အပါအဝင် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများကို အကြမ်းဖက်သမားများက ပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းသတင်းအရင်းအမြစ်က ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ နာရီပေါင်းများစွာကြာသည့် တိုက်ခိုက်မှုအတွင်းမှာလည်း ပေါက်ကွဲမှု နှစ်ခုထက်မနည်း ဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေ အဘဒူလ် ရှန်က ပြောကြားခဲ့သည်။ ထိခိုက်သေကျေ ဒဏ်ရာရသူများစာရင်းကို မသိရှိရသေးပေ။

 

mdn

 

ယင်းတိုက်ပွဲနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် မီဒီယာနှင့်အတူ အသိပေးသွားမည် ဖြစ်ကြောင်း ၎င်းသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိုမြို့တော်တွင် လူဦးရေ ငါးသန်းနီးပါး အထိနာခဲ့သည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို