ဝါရှင်တန် ဩဂုတ် ၂၉
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်နိုင်ငံတကာလေဆိပ်၌ ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟုယူဆရသည့် အိုင်အက်စ်စစ်သွေးကြွတစ်ဦးအား အမေရိကန် တပ်ဖွဲ့က မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဩဂုတ် ၂၈ ရက်နေ့က ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ နန်ဂါဟာပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ထိမှန်ကာ အိုင်အက်စ်စစ်သွေးကြွတစ်ဦး သေဆုံးသွားကြောင်းနှင့် အရပ်သားတစ်ဦးမျှ ထိခိုက်ခြင်းမရှိကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဆက်လက်ပြော သည်။
အမေရိကန်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုသည် သြဂုတ် ၂၆ ရက်တွင်ဖြစ်ပွားခဲ့သည့် ကဘူးလ်လေဆိပ် ဗုံးပေါက်ကွဲမှုများအပေါ် လက်တုံ့ပြန်ခြင်းဖြစ်သည်။ အဆိုပါဗုံးပေါက်ကွဲမှုတွင် အရပ်သားအများအပြားနှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်။
ထုတ်ဖော်ပြောကြားခြင်းမရှိ အမေရိကန်လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင်သည် ကဘူးလ်လေဆိပ်ဗုံးဖောက်ခွဲမှုတွင် မည်သို့ ပါဝင်ပတ်သက်ကြောင်းနှင့် ပတ်သက်ပြီး အမေရိကန် စစ်ဌာနချုပ်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်