၂၅ ဇူလိုင်
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင် ယနေ့မနက်ပိုင်းက မီနီဘတ်စ် တစ်စီး ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာရတ်ရာဟင်မင် က ပြောကြားခဲ့သည်။
ရာဟင်မင်၏ ပြောကြားချက်အရ သတ္တုတွင်း ဝန်ကြီးဌာနပိုင်ဖြစ်သည့် ထိုမီနီဘတ်စ်ကားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းနှင့် သေကျေဒဏ်ရာရသူများမှာ ယင်းဌာနဝန်ထမ်းများဖြစ်သည်ဟု ၎င်းဌာန ကပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးပြီးနောက် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။
မီနီဘတ်စ်ကား ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မိနစ်ပိုင်းအကြာတွင် နှစ်ခုထက်ပိုသော ပေါက်ကွဲမှုများ ဖြစ်ပွားသည်ကိုလည်း ကြားသိခဲ့ရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို