မန္တလေး ဇွန် ၁၇

 

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ခံခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများ အပါအဝင် ဘာသာရေးကျောင်းများသို့ KBZ Center Manda-lay က ဘိလပ်မြေနှင့် ဆန်အိတ်များ နေ့စဉ်ဖြန့်ဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ဘိလပ်မြေအိတ် ၂၀၀၀ နှင့် ဆန်အိတ် ၃၁၀ တို့ကို ဆက်လက် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းမှုအဖြစ် ငလျင်ကြောင့် ထိခိုက်ခဲ့သည့် မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်သို့ ဘိလပ်မြေအိတ် ၂၀၀ နှင့် ဆန် အိတ် ၅၀၊ လေသာကျောင်းတိုက်သို့ ဘိလပ်မြေအိတ်၂၀၀ နှင့် ဆန် အိတ်၂၀၊ အသောကရာမကျောင်းတိုက်သို့ ဘိလပ်မြေအိတ် ၂၀၀ နှင့် ဆန်အိတ် ၂၀၊ အောင်မြေသာစံ မြို့နယ်ရှိ မန္တလေးတောင် ဂေါပကသို့ ဘိလပ်မြေအိတ် ၅၀၀၊ ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ့ဇောတိကာ ရုံစာသင်တိုက်သို့ ဘိလပ်မြေ အိတ် ၂၀၀ နှင့် ဆန်အိတ် ၁၀၀ ၊ စဉ့်ကိုင်မြို့နယ်ရှိ မြို့ဦးစာသင် တိုက်သို့ ဘိလပ်မြေအိတ် ၂၀၀ နှင့် ဆန်အိတ် ၂၀၊ ပုသိမ်ကြီး မြို့နယ်ရှိ ကချင်နှစ်ချင်း ခရစ်ယာန် အသင်းတော်သို့ ဘိလပ်မြေအိတ် ၅၀၀ နှင့် ဆန်အိတ် ၁၀၀ တို့ကို ပေးအပ်လှူဒါန်း ခဲ့ခြင်းဖြစ်သည်။ KBZ Center Mandalay က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မန္တလေးမြို့ရှိ ပြိုကျပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအပါအဝင် ဘာသာရေး အဆောက်အအုံနေရာ ၃၁ နေရာသို့ ဇွန် ၁၀ ရက် တွင် ဘိလပ်မြေအိတ် ၉၃၀၀ နှင့် ဆန်အိတ် ၁၇၄၀ တို့ကို လှူဒါန်းခဲ့ ပြီးဖြစ်သည်။

 

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကာလရှည် ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ထားသည့် KBZ Center Man-dalay ကို ဇွန် ၁၀ ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း x ၁၁၀ ( မနော်ဟရီ) လမ်းထောင့်၌ ဖွင့်လှစ်ထားသည်။ KBZ Foundation က ငလျင်ဘေးအတွက် ၄၅ ဘီလီယံ ကနဦး မတည်လှူဒါန်းထားသည့်အနက် ငလျင်ဘေးသင့် ပြည်သူများအား အနည်းဆုံး တစ်နှစ်မှ ငါးနှစ်အထိ ရေရှည်ကူညီပေးနိုင်မည့် KBZ Center Mandalay ကို ကနဦးအနေဖြင့် ငွေကျပ်ဘီလီယံ ၃၀ အသုံးပြုကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)