မိုးညှင်း မေ ၁၄
ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့၌ ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်ရှိ ပြည်လုံးချမ်းသာရွှေသာ လျောင်းဘုရားကြီး၊ ဆုတောင်းပြည့် ကျားဖြူရှင်စေတီဘုရား၊ ဆုတောင်းပြည့် ကပ်ကျော်ဇမ္ဗူအေး မြို့ဦးစေတီဘုရား၊ မဟာနိမ္မိတမုနိ မြသိန်းတန်ဘုရားကြီးနှင့် တောင်ပေါ်ကျောင်းဘုရားစေတီ ပုထိုးရုပ်ပွားတော်တို့တွင် ရွှေသင်္ကန်းကပ်လှူကြ သူများ၊ မျက်နှာသစ်တော်ရေဆက်ကပ်ကြသူများ၊ လာရောက်ဖူးမြော်သူ၊ ကုသိုလ်ဘာဝနာပွားများသူ၊ တရားဘာဝနာအားထုတ်သူ၊ ဥပုသ်သီလစောင့်တည်သူ၊ ဆွမ်း၊ ဆီမီး၊ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သူ၊ ကုသိုလ်ဒါနအဖြစ် စတုဒိသာကျွေးမွေးသူ၊ ကဆုန်ညောင်ရေသွန်းလောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)