လွိုင်ကော်   ၂၆   ဇန်နဝါရီ    

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ကိုယ်ပိုင်အမှတ်၊ လ-၂၇၀၅၁၀ ရဲတပ်သား ကိုကိုလတ်သည် ယခုလ ၄ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်က AA အမည်ရှိ သောင်းကျန်းသူအဖွဲ့နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် ကျဆုံးခဲ့သည်။

၎င်းအတွက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပေးပို့လာသည့် အလှူငွေကျပ်  ၄၆ သိန်းအား ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းအောင်၊ လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်တို့က ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ အုပ်စု (၄)၊ ငွေတောင်ပိုင်းရပ်နေ ကျဆုံးသူရဲတပ်သား ကိုကိုလတ်၏ မိဘများ၏နေအိမ်သို့ သွားရောက်ကာ အားပေးနှစ်သိမ့်ခြင်းနှင့် ထောက်ပံ့ငွေ ၄၆ သိန်းအား ရဲတပ်သား ကိုကိုလတ်၏ ဖခင်ဖြစ်သူ ဦးမောင်ကို နှင့်  မိခင်ဖြစ်သူ ဒေါ်သန်းစိန်တို့ထံ ပေးအပ်ခဲ့သည်။

 

ကယားပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ကျဆုံးသူရဲတပ်သား ကိုကိုလတ်၏ မိဘများအား ဆက်လက်ကူညီ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိကြောင်း လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းအောင်က ပြောကြားသည်။

 

ကိုစိုင်း (လွိုင်ကော်)

 

IMG_02