ထရီပိုလီ နိုဝင်ဘာ ၁၆
ဆာအိဖ်အယ်အစ္စလာမ်ကဒါဖီသည် လစ်ဗျား ခေါင်းဆောင်ဟောင်း မွမ်မာအယ်ကဒါဖီ၏ ဒုတိယမြောက်သားဖြစ်ပြီး လာမည့်ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည်ဟု သိရသည်။
လွန်ခဲ့သည့် ၁၀ နှစ်က ကဒါဖီကို ဖြုတ်ချခဲ့ပြီးနောက် လစ်ဗျားနိုင်ငံမှာ အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ နှစ်ခြမ်းကွဲနေသည်။ ပြီးခဲ့သည့်နှစ်အတွက် တိုက်ပွဲများ ဖြစ်ပွားနေသည့် အုပ်စုနှစ်စုကြား အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရရှိခဲ့သည်။ လစ်ဗျားနိုင်ငံကိုပြန်လည်စုစည်းရန် ရည်ရွယ်ချက်ဖြင့် သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ပါဝင်ယှဉ်ပြိုင်မည့် သူများအတွက်လျှောက်လွှာများ ခေါ်ယူခဲ့သည်။
ဆာအိဖ်အယ်အစ္စလာမ်ကဒါဖီ မှာ ဆဘ်ဟာမြို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့တွင် ပေါ်ထွက် လာခဲ့သည်။ ၎င်း၏ လျှောက်လွှာကို လာရောက်တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အင်န်အိတ်ချ်ကေ