ကော့ကရိတ်၊ ၁၁ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) တွင် ကော့ဘိန်းကျေးရွာအုပ်စု ကော့ဘိန်းကျေးရွာ၏ လမ်းသွယ်တစ်ခုဖြစ်သော ရွာတွင်း(မဂဒူလမ်း) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ဇန်နဝါရီ ၁၀ ရက်တွင် ကျေးရွာလူထုလုပ်အားဖြင့် စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၈၀ အကုန်အကျခံကာ အရှည် ပေ ၄၅၀ x အကျယ် ၁၂ ပေ x ထု ၆ လက်မဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးသွားပါက ကျေးရွာမှ အိမ်ထောင်စု ၂၆၀၅ စု၊ လူဦးရေ ၁၂၃၃၈ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးကိစ္စများအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)


