ကော့ကရိတ်  ၂၉  ဧပြီ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ဘိန်း တိုက်နယ် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် PPEဝတ်စုံနှင့် ဆေးဖျန်းစက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါဆေးရုံတွင် အလှူရှင်မှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

3..

 

ကော့ဘိန်း တိုက်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူရှင်ဖြစ်သည့်ကော့ဘိန်းတိုက်နယ်၊ နောင်ခေတ် ကျေးရွာနေဦးမင်းအောင်ကျော်မွန်၊ဒေါ်မိမိုးမိုးခိုင် မိသားစုမှ တိုက်နယ် ဆေးရုံအတွက် PPE ဝတ်စုံ (၄၀)စုံ၊ ဆေးဖျန်းစက်တစ်လုံး၊ ကော့ဘိန်း ကျေးရွာလူမှုကူညီရေး အသင်းအား PPE ဝတ်စုံ(၅)စုံ၊ ကော့ပေါက်ကျေးရွာ မာဃလူမှုကူညီရေး အသင်းအား PPE ဝတ်စုံ(၅)စုံတို့ကို ပေးအပ်လှူဒါန်းရာ တိုက်နယ် ဆေးရုံအုပ် ဒေါက်တာ ရဲဇာနည်ဝင်း၊ ကော့ဘိန်း၊ ကော့ပေါက် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။

 

7578

 

ထို့နောက် ဆေးဖျန်းစက်ဖြင့် ကျေးရွာအတွင်းသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆေးပက်ဖျန်းခြင်းအား ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)

 

582