နေပြည်တော်၊ မေ ၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနှစ်တွင် ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်၊ နဂါးတောရိုးလမ်းရှိ ဝင်းဝင်း(ခ) ဘိုဝင်းစိုး (ခ) ဟန်နစ် ၏ နွားမွေးမြူရေးခြံအတွင်းရှိ နေအိမ်တဲကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၅၁၀ ကိုသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အလားတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် ကျိုင်းတုံမြို့နယ်၊ မိုင်းပတ်(အောက်)ကျေးရွာအုပ်စု၊ နမ့်လင်းတောင်း ကျေးရွာနေ မဂျင်းနီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ မေ ၆ ရက် ည ၉ နာရီတွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာ အုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီးတွင် စိုင်းဆမ်နွန်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား