နေပြည်တော် ၂၄ အောက်တိုဘာ
ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် ကျောက်ဆည်မြို့နယ်၊ လက်ပံကျေးရွာနေ မောင်မန်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၁,၉၀ဝ တို့ကိုလည်းကောင်း၊ အလားတူ လက်ပံကျေးရွာနေ မညိုမ(ခ)ဂျိုမ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀ဝ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ပန်လုံမိုင်ရပ်ရှိ ရန်ယုံကျုံးနှင့် ကျောက်တယ်ကျိန်း(ခ) ကျော်ဇင်ဝင်းတို့ ၂ ဦး ငှားရမ်းနေထိုင်သည့် နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၀ဝ ကိုလည်းကောင်း၊ အလားတူ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၁)လမ်းတွင် ကျန်းကျင့်ခိုင် မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကွမ်းလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ်၊ စံပြကျေးရွာနေ ဒေါ်ရှောက်စန်း ၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ သားဖြစ်သူ အိုက်ချန် တို့အားတွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၈,၂၁၂ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


