ကျောက်ဆည်၊ စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ကျောက်ဆည် - တံစိုး - မင်းစု - ထုံးကြီး - မြစ်သားလမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား လမ်းတိုးချဲ့ပြီး ကတ္တရာများခင်းခြင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(ငွေလုံးငွေရင်း) ကျပ် ၁၈၂ သန်းဖြင့် လမ်း၏ ကျဉ်းမြောင်းနေသည့် (၁၀ ဒသမ ၄၇)ကီလိုမီတာနှင့် (၁၁ ဒသမ ၂၇)ကီလိုမီတာကြားရှိ လမ်းအရှည် (၀ ဒသမ ၈)ကီလိုမီတာအား မူလအကျယ် (၃ ဒသမ ၆၆)မီတာမှ အကျယ် (၅ ဒသမ ၅)မီတာသို့ လမ်းတိုးချဲ့ခြင်းများဆောင်ရွက်ပြီး ကတ္တရာထပ်ပိုးလွှာများ ခင်းပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည် - တံစိုး - မင်းစု - ထုံးကြီး - မြစ်သားလမ်းသည် ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့အား ဆက်သွယ်ထားသည့် အတိုဆုံးလမ်းဖြစ်သောကြောင့် ပြည်သူများ အများဆုံးသုံးစွဲသည့် လမ်းတစ်လမ်းဖြစ်ကြောင်းနှင့် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်သောကြောင့် လမ်းဘေးဝဲ/ယာမှ ကျေးရွာပြည်သူများနှင့် လမ်းအသုံးပြုပြည်သူများအတွက် ကုန်ပစ္စည်းများနှင့် လူမှု၊ စီးပွားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်လာသည့်အတွက် များစွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ကျောက်ဆည်)


