ကျောက်ဆည် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်းရေး ကျောက်ဆည် - တံစိုး - မင်းစု - ထုံးကြီး -မြစ်သားလမ်း၌ ပျက်စီးနေသည့် လမ်းပိုင်းနေရာများကို ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လမ်းပိုင်းပြုပြင်ခြင်း လုပ်ငန်းများကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၈၁ ဒသမ ၃၇၀ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သက်မောင်(ကျောက်ဆည်)