ကျောက်ဆည်    ၈   မေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဘူတာတွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မေ ၈ ရက် နံနက် ၉ နာရီက ခရီသွားပြည်သူ ၃၄ ဦးအား စနစ်တကျစိစစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ခရီးသွားပြည်သူများသည်  ကျောက်ဆည်ဘူတာတွင် ရန်ကုန်-မန္တလေး ရထားဖြင့်  ရန်ကုန်မြို့မှ (၇)ဦး၊ ပဲခူးမြို့မှ(၉)ဦး၊ ပျဉ်းမနားမြို့မှ(၅)ဦး၊ သာစည်မြို့မှ(၄)ဦး၊ ပျော်ဘွယ်မြို့မှ(၄)ဦး၊ တောင်ငူမြို့မှ(၂)ဦး၊ ဝမ်းတွင်းမြို့မှ(၁)ဦး၊ နေပြည်တော်မှ(၂)ဦး စုစုပေါင်း(၃၄)ဦး လာရောက်ခဲ့ရာ မန္တလေးမြို့၊ ကျောက်ဆည်မြို့နှင့် စဉ့်ကိုင်မြို့နေရပ်အသီးသီးသို့ ဆက်လက်သွားရောက်နိုင်ရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကားများ စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး(ပြန်/ဆက်)