ကျောက်ဆည်၊  စက်တင်ဘာ-၂၃

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေမှ ကလေးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (CFW)စီမံကိန်းလုပ်ငန်းဖြစ်သည့် ဂျင်းကျောက် မြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ ကလေးကျေးရွာတွင် မဲခေါင်လန်ချန်းအထူးရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် အလျားပေ(၂၂၃၀) ၊ အကျယ်(၁၁)ပေ၊ထု(၉)လက်မရှိ ဂျင်းကျောက်မြေခင်းခြင်းလုပ်ငန်းများအရည်အသွေးကောင်းမွန်ရေး၊ အချိန်နှင့် တစ်ပြေးညီပြီးစီးရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် မဲခေါင်းလန်ချန်းအထူးရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (CFW)စီမံကိန်းလုပ်ငန်းများကို ဥယျာဉ်ကျေးရွာတွင် အရှည်(၁၄၆၅)ပေ၊အကျယ်(၁၀)ပေ၊ ထု(၁)ပေ၊ ဂျင်းကျောက်မြေခင်းခြင်းလုပ်ငန်း၊ အရှည်ပေ(၈၀၀) ၊ အကျယ်(၅)ပေ၊အနက်(၂)ပေရှိ စိုက်ပျိုးရေမြောင်း ပြုပြင် တူးဖော်ခြင်းလုပ်ငန်း၊  ဖိုကုန်းကျေးရွာတွင် အရှည်ပေ(၂၀၀)၊ အကျယ်(၁၂)ပေ၊ ထု(၉) လက်မရှိ ဂျင်းကျောက် မြေလမ်းခင်းခြင်းလုပ်ငန်းနှင့် အရှည်ပေ(၁၅၀၀)၊ အကျယ်(၁)ပေဦ အနက်(၁)ခွဲရှိ လမ်းဘေး ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ကလေးကျေးရွာတွင် အရှည်ပေ(၂၃၃၀)၊ အကျယ်(၁၁)ပေ၊ ထု(၉)လက်မရှိ ဂျင်းကျောက် မြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးကပြောပြ၍ သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)