ကျောက်ဆည်    စက်တင်ဘာ  ၂၆

           

မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်(၁၀)နာရီက သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်လှစ်လျက် ရှိသည်။

           

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သတင်းထုတ်ပြန်ရာတွင် နယ်မြေဒေသအလိုက် ထူးခြားဖြစ်စဉ်များ၊ အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လှုပ်ရှားဆောင်ရွက်မှုများကို သတင်းစာသားနှင့် ဓာတ်ပုံများဖော်ပြနေသည့် အခြေအနေမှ သတင်းဗွီဒီယိုရိုက်ကူးခြင်းများလည်း ဆောင်ရွက်လျက် ရှိသောကြောင့်  သတင်းရေးသားနည်း ပညာရပ်များသည် လက်တွေ့နယ်ပယ်တွင် အရေးပါသည့်အတွက် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂)ဦးသက်မောင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌနမှ ဓာတ်ပုံကျွမ်းကျင်(၂)ဦးရဲတင့်တို့က သတင်းရေးသား ထုတ်ပြန်ခြင်းနည်းများကို စာတွေ့၊လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

           

အဆိုပါသင်တန်းတွင် သတင်းထောက်များ လိုက်နာရမည့်အချက်(၁၀)ချက်၊ သတင်းရင်းမြစ်များ ရှာဖွေခြင်းနှင့် တိကျမှန်ကန်သည့် သတင်းများဖြစ်စေရေး၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ အပြုသဘောဆောင်သည့် သတင်းများ သင်ကြားပို့ချခဲ့ရာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကြီးကြပ်မှုအောက်ရှိ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များမှ ဝန်ထမ်းစုစုပေါင်း (၁၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာ(၂၆)ရက်မှ(၂၇)ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)