တံတားဦး ၂၉ ဇွန်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည့် အစိအစဉ် ရှင်းလင်းခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အား/ကာခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးမှ ဆင်ခြေထောက်ရောဂါတိုက်ကျွေးမည့် အစီအစဉ်များပြောကြားရာတွင် ကာကွယ်ဆေးတိုက်ကျွေးမည့် ရက်သည် ဇူလိုင်(၈)ရက်နေ့မှ(၁၇)ရက်နေ့အထိ တိုက်ကျွေးမည်ဖြစ်ကြောင်း တံတားဦးမြို့နယ် အနေဖြင့် အိမ်ထောင်စုပေါင်း(၃)သောင်းကျော်ရှိပါကြောင်း ကာကွယ်ဆေးတိုက်ကျွေးရမည့် ခရိုင်(၄)ခရိုင်ရှိသည့်အနက် မိမိတို့ခရိုင်ပါဝင်ပါကြောင်း၊ ဒါ့အပြင် တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ်ကွက်ကို ဇူလိုင်(၇)ရက်နေ့ နံနက်ခင်းမှ စတင်၍ အဖွဲ့ငယ်ပေါင်း (၂၄)ဖွဲ့ဖြင့် တိုက်ကျွေးသွားမည်ဖြစ်ပါကြောင်း အဆိုပါအဖွဲ့ငယ်တစ်ဖွဲ့လျှင် ကြီးကြပ်သူဌာနဆိုင်ရာ(၁)ဦး၊ ကျန်းမာရေး ဝန်ထမ်း(၅)ဦး၊ ရာအိမ်မှူး(၁)ဦးနှင့် လူမှုရေအသင်းအဖွဲ့များပါဝင်ပါကြောင်း၊ တစ်ဖွဲ့ကို အိမ်ထောင်စု(၁၀)အိမ်ရှိ မိသားစုဝင်များအား ဆေးပြား(၄)ပြားနှုန်းဖြင့် တိုက်ကျွေးရမည်ဖြစ်ကြောင်း၊ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို အသက်နှစ်နှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ ရောဂါတစ်ခုခုကို ဆိုးရွာစွာခံစားနေသူများမှအပ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအားလုံး တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)