ကျောက်ဆည် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် မြှုပ်သခွား (ခ) သခွားအရှည်သီးများကို စိုက်ပျိုးကြကြောင်း သိရသည်။
သခွားအရှည်သီးကို ရာသီမရွေးစိုက်ပျိုးပြီး သုံးလခန့်အကြာတွင် သခွားသီးများစတင်၍ ခူးဆွတ်နိုင်ကြောင်း၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၃၅၀၀၀၀- ၄၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ သခွားသီးကို နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် သခွားသီးအလုံးရေ ၃၀၀- ၃၅၀ အထိထွက်ရှိရာ တစ်ဧကလျှင် စုစုပေါင်း သခွားသီးအလုံးရေ ၆၀၀၀ - ၇၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကုန်ကျသက်သာပြီး မိသားစုအပိုဝင်ငွေရရှိသော မြှုပ်သခွားသီး (ခ) သခွားသီး အရှည်သီးကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA (မန္တလေး)