ကျောက်ဆည် မေ ၂၉

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာ (မိုး)သီးနှံကို ကျောက်ဆည်မြို့နယ်တွင် ခြောက်ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၁၆၄၇ ဧက စုစုပေါင်း ၁၆၅၃ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

နေကြာသီးနှံကို သီးထပ်သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြကြောင်း၊ နေကြာ(မိုး)သီးနှံကို မတ်လနှင့်ဧပြီလတို့တွင် စိုက်ပျိုးကြပြီး ဇွန်လနှင့်ဇူလိုင်လတို့တွင် ရိတ်သိမ်းကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၂၅-၂၇ တင်းခန့်ထွက်ရှိပြီး အကျိုးအမြတ်များ ရရှိခဲ့ကြောင်း၊ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် နေကြာသီးနှံ စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ သီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း နေကြာစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

 

သတင်းရင်းမြစ်- စီးပွား/ ကူးသန်း