ကျောက်ဆည် ၃ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးဧက လျာထားချိန်တွင် စပါး စိုက်ပျိုးရေအတွက် အဓိကထား ရေပေးဝေသည့် မြို့ကြီးဆည်နှင့် ဇီးတောဆည်များတွင် မိုးရေဝင်ရောက်မှု နည်းပါးပြီး ရေပေးဝေနိုင်မှု အတိုင်းအတာအရ စပါးစိုက်ဧက ၁၅၉၂၈၆ ဧကသာ လျာထား စိုက်နိုင်မည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာမှ စုံစမ်းသိရှိရသည်။
အချို့စပါးစိုက် တောင်သူများက လျာထားစိုက်ဧကတွင် မပါဝင်သော်လည်း လတ်တလော အခြေအနေတွင် မိုးရွာသွန်းမှု များပြားလာရာ ရာသီဉတုအခြေအနေကို ကြည့်ရှုခန့်မှန်းပြီး မိမိတို့ဆန္ဒအရ ရေမြေဒေသနှင့် ကိုက်ညီသည့် မျိုးစပါးများကို စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း တောင်သူအချို့၏ ပြောကြားမှုအရ သိရှိရသည်။
ယခင်နှစ်က ဆည်များအတွင်း ရေသိုလှောင်မှုပေါများသဖြင့် ကျောက်ဆည်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၅၄၅၁၁) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၈၉၈၇) ဧက၊ မြစ်သားမြို့နယ်တွင် (၆၃၂၁၀) ဧကနှင့် တံတားဦးမြို့နယ်တွင် (၁၃၈၆၅) ဧက စုစုပေါင်းဧက (၁၆၀၅၃၇) ဧက စိုက်ပျိုးနိုင်ခဲ့သောကြောင့် ယခုနှစ်နှင့် နှိုင်းယှဉ်ပါက စိုက်ဧကပေါင်း (၁၂၈၄) ဧက လျော့နည်းခဲ့သည်။
သက်မောင် (ပြန်/ဆက်)