ကျောက်ဆည် ဇွန် ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၈ နာရီက အဆိုပါကျောင်း စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ဦးစွာ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက ယနေ့အချိန်အခါသည် ကျောင်းသား၊ ကျောင်းသူများအတွက် သွေးသစ်လောင်းသည့် နေ့တစ်နေ့ဖြစ်ကြောင်းနှင့် မောင်မယ်သစ်လွင်ပွဲ ပြုလုပ်ခြင်းအားဖြင့် မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်သူများ ချစ်ကြည်ရင်းနှီးမှုရရှိခြင်း၊ စာပေ၊ ဂီတ၊ အနုပညာရှင်များ ပေါ်ထွက်လာစေခြင်းနှင့် သင်ကြားသင်ယူမှုများ ပိုမိုထိရောက်စေရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်သူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး Model Show လျှောက်ခြင်းတို့ဖြင့် ပျော်ရွှင်စွာ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)