ကျောက်ဆည်  ၁၂   ဇူလိုင်

 

ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ကူမဲငါးလုပ်ငန်းစခန်းတို့ ပူးပေါင်း၍ ကျောက်ဆည်မြို့နယ် အတွင်းရှိမင်းရဲဆည်နှင့် ဇီးတောဆည်အတွင်းသို့ ငါးမြစ်ချင်းသားပေါက်(၁)သိန်းစီ၊ စုစုပေါင်း (၂)သိန်းအား ယနေ့ နံနက်ပိုင်းက မျိုးစိုက်ထည့်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဆည်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့်မြို့နယ် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းနှင့် ခရိုင်အမျိုးသမီးရေးရာ ကော်မတီဝင်များ တက်ရောက်ပြီး ငါးမျိုးများစိုက်ထဲ့ခဲ့ပါကြောင်း သိရသည်။

 

MDN