ကျောက်ဆည်မြို့ ပေါက်တောရပ်ကွက်တွင် မီးလောင်မှုဖြစ်

ကျောက်ဆည်  ၂၁ ဖေဖော်ဝါရီ

 

ကျောက်ဆည်မြို့၊ ပေါက်တောရပ်ကွက်တွင် ယနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

195425

 

မီးလောင်မှုသည် ပေါက်တောရပ်ကွက်နေ ဒေါ်မြင့်မြင့်စိမ်း နေထိုင်သည့် နေအိမ်တွင် လူမရှိဘဲ ဖယောင်းတိုင်ဖြင့် ဘုရားမီး ပူဇော်ထားရာမှ မီးလောင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် လေးစီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာပျဉ်ခင်း နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ မီးပေါ့ဆစွာသုံးစွဲသူ အိမ်ရှင်ဒေါ်မြင့်မြင့်စိမ်းအား မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

သက်မောင်(ပြန်/ဆက်)