ကျောက်ဆည်   ၂၉  အောက်တိုဘာ

 

ကျောက်ဆည်မြို့ အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းတွင် ကွန်ပျူတာ အခြေခံပညာသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သင်တန်းတာဝန်ခံ ဦးကျော်ထွန်းအောင်က ပြောသည်။

 

အဆိုပါ သင်တန်းကို လာမည့် နိုဝင်ဘာ ၅ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလ အနေဖြင့် နှစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

“စာသင်ချိန်ကိုတော့ သင်ကြားမယ့်ဆရာတွေနဲ့ ညှိနှိုင်းတိုင်ပင်နေပါတယ်၊ တစ်ပတ်ကို သုံးရက်နှုန်းနဲ့ တစ်ရက်ကို နှစ်နာရီကျော်ကြာ သင်ပေးသွားမယ်၊ သင်တန်းက နှစ်လသင်တန်းပါ” ဟု ၄င်းက ပြောသည်။

 

တက်ရောက်လိုသူများ အနေဖြင့် သင်တန်းနှင့် ပတ်သက်၍ လျှောက်လွှာများကို အခမဲ့ ထုတ်ယူနိုင်ပြီး အသေးစိတ် သိရှိလိုပါက အမေ့အိမ် အခမဲ့ ပညာဒါနကျောင်း တာဝန်ခံ ဦးခင်မောင်မြင့် ဖုန်း ဝ၉ ၇၈၁၂၅၉၇၉၄ နှင့် ကွန်ပျူတာ သင်တန်းတာဝန်ခံ ဦကျော်ထွန်းအောင် ဖုန်း ဝ၉ ၅၁၇၁၉၂၉ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)