ကျောက်ဆည်   ဒီဇင်ဘာ   ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက တောင်နောက်ကျေးရွာအုပ်စု၊ တောက်နောက်ကွင်း၊ ကွင်းအမှတ်(၁၄၆)၊ ဦးပိုင်အမှတ် (၁၆/၂) တောင်သူ ဦးမိုဟာမတ် စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး (၀.၆၀) ဧကအား စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့သည်။

စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းသောင်းနှင့် ဝန်ထမ်းများ၊ စပါးစိုက် တောင်သူများ တက်ရောက်ကြပြီး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် စပါးအခြောက် (၉၀.၆၃၀) တင်း ထွက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ မိုးစပါး စိုက်ပျိုးရာသီ၌ ဧရာမင်း၊ မနောသုခ၊ ရွှေမနော်နှင့် ဆင်းသုခ စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် ၃၅၉၉၄ ဧက၊ ကင်းတား ဆည်ရေသောက် စနစ်ဖြင့် ၁၆၀၂၇ ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်ဖြင့် ၄၃၆ ဧက၊ မိုးရေသောက်စနစ်ဖြင့် ၂၃၂ ဧက၊ မြေအောက် ရေ စက်ရေတွင်းဖြင့် ဧက ၁၁၀ စုစုပေါင်း ၅၂၇၉၉ ဧကကို စိုက်ပျိုးထားကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)