ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ရန်ကုန်-မန္တလေး ကားလမ်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်

mdn

ကျောက်ဆည်၊ ဩဂုတ် ၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ရန်ကုန်-မန္တလေး ကားလမ်း ထနောင်ပင်လှကျေးရွာ၊ ကေသီဦးစက်သုံးဆီအရောင်းဆိုင်အနီး ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ယနေ့နံနက်၈နာရီခွဲက ကျောက်ဆည်မြို့အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်လာသည့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့သို့ ကျန်းမာရေးစစ်ဆေးမှုများ စစ်ဆေးဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွာရာဇဝင်များမေးမြန်းခြင်း၊ ကိုယ်ရေးအချက်အလက်များ  မှတ်တမ်းကောက်ယူခြင်း ၊  Stay  at Home သတ်မှတ်ထားသော  မြို့နယ်မှ ဝင်ရောက်လာသော  ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ခရီးသွားပြည်သူတစ်ဦးဦးတွင် အပူချိန်မြင့်တက် ခြင်း၊ ကိုဗစ်-၁၉ ရောဂါသံသယ လက္ခဏာ များ တွေ့ရှိခဲ့ပါကလက်ချောင်းထိပ်တွင်သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်းများဆောင်ရွက်ပြီး သွေးအတွင်းအောက်ဆီဂျင်(၉၂)ရာခိုင်နှုန်း အောက်တွေ့ရှိပါက ကျောက်ဆည် မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး Test kit ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက် ်ရှိကြောင်းသိရှိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပို့တွေ့ရှိသူ(၄၅၂)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံးမှ ဆင်းခွင့်ရရှိသူ(၂၉၆)ဦး၊ သေဆုံးသူ(၄၅)ဦးရှိရာ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များ၊  ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး နေ့စဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

 

တင်တင်ထွေး