နေပြည်တော် ၈ ဖေဖော်ဝါရီ
ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာအနီနေ နိုင်ထွန်း (၁၉) နှစ်ပါ ၂ ဦးတို့သည် ဖေဖော်ဝါရီလ ၇ ရက် ညနေ ၄ နာရီက ရွာအနီးတွင် လယ်ထွန်စက်ဖြင့် ထွန်ယက်စဉ် အရှည် ၁၂ လက်မ၊ အချင်း ၅ လက်မခန့်ရှိ ဒလက်ပါ ဗုံးသီးဟောင်း ၁ လုံးအား တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ဗုံးသီးဟောင်းအား မင်းစုရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပြီး အဆိုပါဗုံးသီးအား နယ်မြေခံ စစ်အင်ဂျင်နီယာတပ်ရင်းသို့ သိမ်းဆည်းသယ်ဆောင်သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MDN