ကျောက်ဆည်      ၁၁  မေ        

           

သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေး၊ ကလေးလူကြီးမရွေး၊ ကျားမမရွေး ဖြစ်ပွားနိုင်သောကြောင့် ကျောက်ဆည်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ကျား၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေး Abate ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများကို မေလ  ၁၁ ရက် နံနက် ၉ နာရီက တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

202005

 

အဆိုပါ အသိပညာပေး လုပ်ငန်းများကို ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှခရိုင်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ငှက်ဖျား ရောဂါမှူး    ဦးသက်နိုင်ဦးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးအဓိက သတင်းစကား (၈)ရပ်အား လက်ကိုင် အသံချဲ့စက်ဖြင့် ကြေညာခြင်း၊လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဖုံး၊သွန်၊လဲ၊စစ် ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီးခြင်ဥများ ကပ်တင်ကျန်လေ့ရှိသော ဘုရားပန်းအိုး၊ ရေအိုး၊ ရေလှောင်ကန်များ၌ ခြင်ကျား၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုလုံးဝမရှိစေရေး Abate ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တင်တင်ထွေး( ပြန်/ဆက်)    

 

125689