ကျောက်ဆည် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိရာ ဩဂုတ် ၁၂ ရက် နံနက် ၉ နာရီခွဲက ဘုံကွင်းကျေးရွာနှင့် စမာကျေးရွာများမှ ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၄)ဦးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊  ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ၊ ဒုတိယသုံးလပတ်အတွက် တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၄၂၀၀၀၀)အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြိုနယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၉၇)အုပ်စုရှိရာ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁၄၉)ဦးအား တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၃၄၄)သိန်းခုနှစ်သောင်းကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စာရေးဝန်ထမ်းများက လက်ဝယ်အရောက် ထောက်ပံပေးအပ်လျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး