ကျောက်ဆည် နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည်စုံမှု ရရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပြည်သူများ၏ လက်ဝယ် အရောက် အခမဲ့ပြုလုပ်ပေးလျက်ရှိရာ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ချောင်းဆုံကျေးရွာသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့သည်။
နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့် ဝန်ထမ်းများက ချောင်းဆုံကျေးရွာ၌ အသက် ၁၀ နှစ်အထက် အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ အသက် ၁၆ နှစ်မှ ၁၈ နှစ်အကြား အမျိုးသား တစ်ဦး၊အမျိုးသမီး နှစ်ဦး၊ အသက် ၁၈ အထက် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၄ ဦး အိမ်ထာင်စုစာရင်း ၁၀ စုတို့ကို ဆောင်ရွက်ပေးခဲ့သည့်အပြင် နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံးသူ အမျိုးသမီး ရှစ်ဦးနှင့် အိမ်ထောင်စုစာရင်း တစ်ခုကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ ၁၃၅၇၀ ကို နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ရှိရာ ယခုအခါ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား ၂၄၇ ဦး၊ အသက် ၁၈ နှစ်အထက် ၂၂၂၀ စုစုပေါင်း ၂၄၆၇ ဦးကို နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး အမျိုးသား ၁၄၄၃ ဦး၊ အမျိုးသမီး ၁၃၇၃ ဦး စုစုပေါင်း ၂၈၁၃ ဦးရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်း ၆၈၈ စုကို ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လုပ်ဆောင်ရန်ကျန်ရှိနေသည့် နိုင်ငံသား စိစစ်ရေး ကတ်များနှင့်အိမ်ထောင်စု လူဦးရေစာရင်းများကိုလည်း ဆက်လက် လုပ်ဆောင်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


