ကျောက်ဆည် ဇူလိုင် ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာရှိ တောင်သူဦးဝင်းမောင်၏ ကွင်းအမှတ်(၂၅၄-က) မြေ(၁၅)ဧကတွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးရာသီ ဝါသီးနှံများကို ဧက ၃၈၀၀ စိုက်ပျိုးထားပြီး ဝါစိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) ချဉ်မျှဉ်ရှည် ဝါမျိုးစေ့ ၇၂၈၇) ပိဿာ၊ B-31 ဝါမျိုးစေ့  ၄၅၀ ပိဿာ စုစုပေါင်း ဝါမျိုးစေ့ ၂၁၀၄၂ ပိဿာကို တောင်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ဝါစိုက်ပျိုးရန်အတွက် မြေပြုပြင်ချိန်မှစ၍ အပင်ပြုစုနည်း၊ ပိုးမွှားကာကွယ် နှိမ်နင်းနည်းများနှင့် ဝါကောက်ယူ ထိန်းသိမ်းနည်းပညာများကို တောင်သူများနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သက်မောက် (ကျောက်ဆည်)