ကျောက်ဆည် ၂၅  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာရှိ (၅)ရက်တစ်ခါဈေးတွင် ဈေးရောင်းချသူ များနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်သည့် အနေဖြင့် ဧပြီ(၂၅)ရက် နံနက်(၇)နာရီ အချိန်မှစတင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မိုးသာနှင့် ဈေးတာဝန်ရှိသူများက (၆)ပေအကွာ ဈေးရောင်းချမည့်နေရာသစ်များ ဖော်ဆောင်ပေးလျှက်ရှိကြောင်း သိရှိရသည်။

 

5058

 

ထိုသို့နေရာသစ်များ ချမှတ်ရာတွင် လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်စေရေးနှင့် အငြင်းပွားမှုများ မရှိစေရေး တို့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)