ကျောက်ဆည် ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါများ တိုးချဲ့လျာထား စိုက်ပျိုးလျက်ရှိရာ မိုးကြိုရာသီတွင် စိုက်ဧက ၂၅၀၊ မိုးရာသီတွင် စိုက်ဧက ၃၄၅၀၊ မိုးနှောင်း ရာသီတွင် စိုက်ဧက ၁၀၁၅၀ စုစုပေါင်း ဧက ၁၃၈၅၀ လျာထားစိုက်ပျိုးလျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ချည်မျှင်ရှည်ဝါများ စိုက်ပျိုးရာတွင် မိုးကြိုစိုက်ဧကများအဖြစ် ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည် ကျေးရွာအုပ်စုတို့တွင် ဧက ၁၂၀၊ ကျားကာ၊ ကုတ္တက်ကုန်း၊ မြေစိုမိုးကောင်း၊ ပဲခင်း၊ ပေါင်လောင်၊ ပေါက်ပင်ကွေ့၊ ဆူလေကုန်း ကျေးရွာအုပ်စုတို့တွင် ဧက ၈၀၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း ကျေးရွာအပ်စုတို့ တွင် ဧက ၅၀၊ မိုးစိုက်ဧကများအဖြစ် ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည် ကျေးရွာအုပ်စုတို့တွင် ဧက ၂၆၅၀၊ ကျားကာ၊ ကုတ္တက်ကုန်း၊ မြေစိုမိုးကောင်း၊ ပဲခင်း၊ ပေါင်လောင်၊ ပေါက်ပင်ကွေ့၊ ဆူလေကုန်း ကျေးရွာအုပ်စုတို့တွင် ဧက ၈၀၀ နှင့် မိုးနှောင်းစိုက်ဧကများအဖြစ်  ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည် ကျေးရွာအုပ်စုတို့တွင် ၈၆၄၈ ဧက၊ ကျားကာ၊ ကုတ္တက်ကုန်း၊ မြေစိုမိုးကောင်း၊ ပဲခင်း၊ ပေါင်လောင်၊ ပေါက်ပင်ကွေ့၊ ဆူလေကုန်း ကျေးရွာအုပ်စုတို့တွင် ၁၅၀၂ ဧက စုစုပေါင်း ဧက ၁၃၈၅၀ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)