ကျောက်ဆည် မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံထပ်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်သား ကျောင်းသူများက ကျောင်းအပ်နှံရေး သီတင်းပတ် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က အမှာစကား ပြောကြားသည်။ ယင်းနောက် ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး၊ အဖွဲဝင် ဗိုလ်မှူးမျိုးသွင်၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်းတို့က အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသားကိုင် ပုံနှိပ်ဖတ်စာအုပ်၊ အခမဲ့ဗလာစာအုပ်၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။
တင်တင်ထွေး