ကျောက်ဆည်  ၂၅  ဇွန်    

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ယာယီရပ်နားထားသည့် စက်ရုံ (၄) ရုံနှင့် မော်တော်ဆိုင်ကယ် အရောင်းဆိုင် (၁) ဆိုင်ရှိ လူမှုဖူလုံရေးအကျုံး ဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ထုတ်ပေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်း လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော LED စက်ရုံ၊ YH ဖော့ပုံးစက်ရုံ LIE ကျားခေါင်း ဘိလပ်မြေစက်ရုံ၊ JLPC အုတ်စက်နှင့် KAMAX မော်တော် ဆိုင်ကယ်အရောင်းဆိုင်တို့မှ အာမခံအလုပ်သမား (၂၅၉) ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သော စုစုပေါင်းငွေကျပ် ၁၃၅၇၀၅၃၂ ဒသမ ၆၆ အားသက်ဆိုင်ရာ အလုပ်ဌာနများမှ တာဝန်ခံများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းလျှောက်ထားသူ ဦးရေ (၁၂၅၀၀)ရှိရာ ထုတ်ပေးရန်ကျန်ရှိသည့် ဌာနများကိုလည်း ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူမှုဖူလုံရေးအဖွဲ့ ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းကြူ မှပြောပြ၍ သိရသည်။

 

တင်တင်ထွေး(ပြန်/ဆက်)