ကျောက်ဆည်   ၁၅   ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေရပ်ပြန်များမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် စောင့်ကြည့်ကာလ ၂၁ ရက်ဖြင့် Facility Quarantine များ ထားရှိလျှက်ရှိရာ ဇွန် ၁၅ ရက်နေ့တွင် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ Facility Quarantine ၁၇ နေရာတွင် လူဦးရေ ၁၁၈ ဦး Facility Quarantine ဝင်ရောက်လျှက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါနေရာများမှာ အေးမြကြည်လင်ရပ်ကွက်၊ နည်းပညာတက္ကသိုလ်တွင် လူဦးရေ ၅၉ ဦး၊ ရွှေအင်းကျေးရွာတွင် နှစ်ဦး၊ မကျီးတော ကျေးရွာတွင် ရှစ် ဦး၊ ဆူလေကုန်းကျေးရွာတွင် ငါး ဦး၊ ဖျောက်ဆိပ်ပင် ကျေးရွာတွင် တစ်ဦး၊ ရဲဘော်လေးကျေးရွာတွင် တစ်ဦး၊ ရဲဘော်ကြီး ကျေးရွာတွင် နှစ်ဦး၊ သပြေတောကျေးရွာတွင် သုံးဦး၊ ကလေးကျေးရွာတွင် နှစ်ဦး၊ မှိုင်းပန်ကျေးရွာတွင် ငါးဦး၊ အရှေ့ရွာတော် ကျေးရွာတွင် နှစ်ဦး၊ ကုလားကျောင်းကျေးရွာတွင် တစ်ဦး၊ ရေတွင်းပြည့် ကျေးရွာတွင် တစ်ဦး၊ ပွတ္တိုင် ကျေးရွာငါးဆူကျောင်းတွင် ၁၇ ဦး၊ ပွတ္တိုင်ကျေးရွာ သိမ်ကျောင်းတွင် တစ်ဦး၊ ငယ်တိုးကျေးရွာတွင် တစ်ဦး စုစုပေါင်း နေရာ ၁၇ ခုတွင် လူဦးရေ စုစုပေါင်း ၁၁၈ ဦးသာ ရှိတော့ကြောင်း သိရှိရသည်။

 

ယခုရက်ပိုင်းတွင် နေရပ်ပြန်များလျော့နည်းပြီး Facility Quarantine  ၂၁ ရက် စောင့်ကြည့်ကာလ ပြည့်ပြီးသူများလည်း ရှိသောကြောင့် Facility Quarantine ဝင်ရောက်သူ ၁၁၈ ဦးသာ ရှိကြောင်းလည်း သိရှိရသည်။

           

သက်မောင်(ကျောက်ဆည်)