ကျောက်ဆည် မတ် ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်  ဆည်၊ ကန်၊ တူးမြောင်းများအလိုက် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသည့် စိုက်ပျိုးရေနည်းပညာပေး ရှေ့တန်းစခန်းများ၌ နွေသီးနှံများကို စိုက်ပျိုးလျက်ရှိရာ သင်းတွဲစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ ၉၁၇၉ ဧကလျာထား စိုက်ပျိုးလျက်ရှိပြီး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာမှ စိုက်ပျိုးရေးများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရှိရသည်။

 

နွေသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များ စိုက်ပျိုးစေခြင်း၊ စိုက်နည်းစနစ်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)