ကျောက်ဆည်      မေ      ၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငပြောင်ဆည်မှ ရေပေးဝေ နေသော မြောင်းများအား ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့်  ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းများကို သတ်မှတ်လာလအတွင်း ပြီးစီးရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ပြီးပါက သီးနှံများ စိုက်ပျိုးရာ၌ ရေများပေးဝေရာတွင် အလေအလွင့်လျော့နည်းပြီး လိုအပ်သည့်  ရေပမာဏပြည့်မီစွာ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)