မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်၍ လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိကြောင်း၊ ဖူးစားပြောင်းသီးနှံကို မိသားစု အပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ကျောက်ဆည် မြို့နယ်၌ ဖူးစားပြောင်းစိုက်ဧက ၂၀၇၇ စိုက်ပျိုးခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းပြီး ဖြစ်ကြောင်း ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ဖူးစားပြောင်းသီးနှံကို ယာမြေနှင့် ဥယျာဉ်ခြံမြေ များတွင် အများဆုံးစိုက်ပျိုးကြ၍ စိုက်ပျိုးပြီး လေးလခန့် အကြာတွင် ရိတ်သိမ်းရကြောင်း၊ ထိုင်ဝမ်သကြား ပြောင်းမျိုးများကို ပင်ကြား နှစ်ပေခွဲ၊ တန်းကြား ၈-၁၀ လက်မခြား၍ စိုက်ပျို က်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ငါးသိန်းခန့်ကုန်ကျပြီး ပြောင်းဖူးရေ ၆၀၀၀-၇၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက် ဝယ်ယူကြပြီး ထိုမှတစ်ဆင့် ကျောက်ဆည်နှင့် မန္တလေးမြို့တို့ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချ ကြကြောင်း၊ ဖူးစားပြောင်း စိုက်ပျိုးခြင်းဖြင့် ပြောင်းဖူး ရိုးများမှာလည်း ကျွဲစာနွားစာအတွက် ဖူလုံသည့် အပြင် သကြားပြောင်းမှာ လူကြိုက်များသောကြောင့် အရောင်းအဝယ်သွက်ပြီး ဈေးကောင်းရလျက်ရှိ၍ အကျိုးအမြတ်များ ရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)