ကျောက်ဆည် ဇန်နဝါရီ ၂၈
ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည့်အတွက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဈေးကွက်ဝယ်လိုအားရှိသည့် သင်္ဘောပင်များကိုလည်း တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
သင်္ဘောပင်မျိုးအနေဖြင့် အသီးအထွက်နှုန်းကောင်းမွန်သည့် (အပင်ပု) သင်္ဘောမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် သင်္ဘောမျိုးစေ့များကို ပျိုးထောင်၍ ပျိုးပင်များကို ပင်ခြား တန်းခြား နှစ်ပေ၊ သုံးပေခြား၍ တစ်ဧကလျှင် အပင်ရေ ၂၀၀၀ ကျော်ခန့် စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ငွေကျပ် ၁၅-၁၆ သိန်းခန့် ကုန်ကျပြီး မြေဆီမြေသြဇာ ထည့်သွင်းမှုအပေါ်မူတည်၍ အသီးအပွင့်များ ဝေဆာ၍ အပင်သက်တမ်းကြာနိုင်ကြောင်း၊ သင်္ဘောပင်တစ်ပင်လျှင် သေင်္ဘောသီးအလုံးရေ ၂၅ - ၄ဝ ထွက်ရှိပြီး တစ်ဧကလျှင် သင်္ဘောသီး အလုံးရေ ၄၀၀၀-၅၀၀၀ ကျော်ခန့် ထွက်ရှိကြောင်း၊ သင်္ဘောခြံများအနေဖြင့် သင်္ဘောသီးအမှည့်များကိုသာ ဦးစားပေးရောင်းချကြကြောင်း၊ ဈေးကွက်အနေဖြင့် သင်္ဘောသီးများကို ဒေသတွင်းရောင်းချမှုအပြင် ပွဲစားများက စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် မန္တလေးမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ သင်္ဘောသီးနှံသည် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး စားသုံးမှုမြင့်မား၍ အကျိုးအမြတ်ရရှိသောကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)