နေပြည်တော် ၁၇ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း (ပလတ်စတစ်စက်ရုံ)အတွင်းမှ ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီက မြေအောက် ကေဘယ်ကြိုးများ ခိုးယူသွားသူများကို အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်မှုဇုံရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် အဆိုပါစက်ရုံဝင်းအတွင်း၌ မသင်္ကာ ဖွယ်လူ(၂)ဦး တွေ့ရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မီးစက်ရုံမှ ဓာတ်တိုင်အထိ မြေအောက်သွယ်တန်းထားသော ကေဘယ်ကြိုးအရှည်(၆)ပေ ကာလ တန်ဖိုး (၁၅)သိန်းကျပ်ခန့်မှာ ဖြတ်တောက်ခံထားရကာ အဆိုပါကေဘယ်ကြိုးအား မီးစက်ရုံနှင့် ကိုက် ၅၀ ခန့်အကွာ အုတ်တံတိုင်းအခြေရှိချုံပုတ်အတွင်းမှ တွေ့ရှိခဲ့ကြောင်း၊
ဆက်လက်၍ ရှာဖွေရာ စက်ရုံ(၂)ရုံကြားရှိ အနောက်ရေပြားတောကျေးရွာသွားသည့် လမ်းအနီး ချုံပုတ်အတွင်းမှ မြင်စိုင်းအနောက်ရပ်ကွက်နေ အောင်မြင်ဦးအား မသင်္ကာဖွယ်တွေ့ရှိရ၍ မေးမြန်းရာ ၎င်းနှင့်အတူပါလာသည် တစ်ရပ်ကွက်တည်းနေ မောင်ကျော်နှင့် ချစ်ဦးတို့(၂)ဦးမှာ ထွက်ပြေးသွားကြောင်းနှင့် အဆိုပါကေဘယ်ကြိုးအား ၎င်းတို့(၃)ဦးမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် အရေးယူပေးပါရန်တိုင်တန်းချက်အရ အောင်မြင်ဦးပါ(၃)ဦးအား ကျောက်ဆည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)