ကျောက်ဆည် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ တန်းခိုးကြီးဘုရားများတွင် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ကျောက်ဆည်မြို့နယ်ရှိ မဟာဆုတောင်းပြည့် ရွှေသိမ်တော်ဘုရားနှင့် တမုတ်ရွှေဂူကြီးဘုရား နှစ်ဆူသည် လူသိ များပြီး ဘုရားဖူးများ နေ့စဉ်လာရောက် ဖူးမြော်ဆုတောင်း ကန်တော့လျက်ရှိရာ အခါကြီးရက်ကြီးများနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ပိုမိုစည်ကားလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


