ကျောက်ဆည် ၇ ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်း ၁၈၆ ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း ၁၆ ကျောင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသား/သူများ ကျောင်းစတင်ဖွင့်လှစ်ချိန်၌ အခမဲ့ ဖြန့်ဝေနိုင်ရေး ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် ၅၆၀၀၅၅ အုပ်ကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို သူငယ်တန်းမှ ဒသမတန်းအထိ သင်ရိုးသစ်၊ သင်ရိုးဟောင်းများ အားလုံးအတွက် ဘာသာစုံ အခမဲ့ထုတ်ပေးကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလတွင် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များကို တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ၁၇ ဦးကို ကျောင်းများအလိုက် ဖြန့်ဝေနိုင်ရေး ထုတ်ပေးခြင်းဖြစ်သည်။

တင်တင်ထွေး(ပြန်/ဆက်)