ကျောက်ဆည်၊ နိုဝင်ဘာ ၁၀

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော (၂၆)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ  စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး နိုဝင်ဘာ (၁၀)ရက် နံနက်(၁၀)နာရီက  ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

           

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည် ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်နှစ်က ထိန်ပွဲတော်ကျင်းပပြုလုပ်ခဲ့သည့် အကြောင်းအရာများနှင့် ပင့်သံဃာများ၊ ဉာပ်မကြီးပဒေသာပင်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ပဒေသာပင်များ ဆောင်ရွက်ခဲ့မှုများ ၊ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်မျိူးသိန်းက ဌာနဆိုင်ရာများအနေဖြင့် အစဉ်အလာကောင်း ဖြစ်သောကြောင့်  လက်ဆင့်ကမ်းထိန်းသိမ်းကြရေး၊ ပိုမိုတိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရေး ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)