ကျောက်ဆည်  နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို နိုင်ဝင်ဘာ(၁)ရက် နံနက်(၈)နာရီက စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ကျောင်းသူများအား  ပညာသင်ကြားမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ကျောင်းများဖွင့်လှစ်ရာတွင် ဆရာ၊ဆရာမများ၊ကျောင်းသူ၊ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကူးစက် မှုမရှိစေရေး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားပြီး ပညာသင်ကြားရာတွင် သင်ကြား/သင်ယူမှုများ ထိရောက်မှုရှိစေရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်စေခြင်း၊ လက်ဆေးရေစင်များ၊ လက်ဆေးဆပ်ပြာများထားရှိပေးပြီး လက်များ စနစ်တကျဆေးကြောစေခြင်းနှင့် စာသင်ကြားရာတွင် စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင်အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉) ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၆) ကျောင်း၊ မူလတန်းကျောင်း(၁၂၉)ကျောင်း၊ မူလတန်းခွဲကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း(၁၅)ကျောင်း၊ ကိုပိုင်ကျောင်း(၃)ကျောင်းရှိကြောင်းနှင့် ကျောင်းသား၊ကျောင်းသူပေါင်း(၂၅၁၃၉) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)