ကျောက်ဆည် ၂၃ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှိုးဆော်ချက်များ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့ မွန်းလွဲ ၁နာရီက ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် ကာကွယ်ပေးသော ဥပဒေများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်စာများ၊ မီဒီယာနှင့် သတင်းအချက်အလက်များ သိရှိနာလည်မှုရှိသော မိဘအုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေး ဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ ကာလအတွင်း သတင်းအချက်အလက် ဝန်ပိမှုကို စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက်များက မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါစသည့်အသိပညာပေး နှိုးဆော်ချက်များနှင့် နိုင်ငံတော်အစိုးရ၏တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက် မှတ်တမ်များကိုလည်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးပြသထားရှိကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)


