ကျောက်ဆည် စက်တင်ဘာ ၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ အမှတ်(၂) ခရိုင်ချင်းဆက်လမ်းတွင် လမ်းပိုင်း(၆)နေရာအား လမ်းအကျယ် တိုးချဲ့ပြီး ကတ္တရာတိုးချဲ့ခင်းခြင်း၊ လမ်းပိုင်း(၄)နေရာအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ လမ်းပိုင်း (၁)နေရာအား ကတ္တရာရေပိတ်အလွှာခင်းခြင်းနှင့် RCC Box Culvert (၃)စင်း ဆောက်လုပ်ပေးခဲ့ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ပြည်လည်ပြုပြင်ပေးခဲ့သော လမ်းပိုင်းနေရာများနှင့် RCC Box Culvert များသည် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၏ (၆၄ ဒသမ ၈)ကီလိုမီတာမှ (၆၅ ဒသမ ၈)ကီလိုမီတာအတွင်း လမ်းအရှည် (၁)ကီလိုမီတာအား မူလ (၃ ဒသမ ၆၆)မီတာလမ်းအကျယ်မှ (၅ ဒသမ ၅)မီတာ လမ်းအကျယ်တိုးချဲ့၍ ကတ္တရာခင်းခြင်း၊ (၆၅ ဒသမ ၈)ကီလိုမီတာမှ (၆၆ ဒသမ ၈)ကီလိုမီတာအတွင်း လမ်းအရှည်(၁)ကီလိုမီတာအား မူလ (၃ ဒသမ ၆၆)မီတာလမ်းအကျယ်မှ (၅ ဒသမ ၅)မီတာ လမ်းအကျယ်တိုးချဲ့၍ ကတ္တရာခင်းခြင်း၊ (၄၅ ဒသမ ၂)ကီလိုမီတာမှ (၄၆)ကီလိုမီတာအတွင်း လမ်းအရှည်(၀ ဒသမ ၈) ကီလိုမီတာအား မူလ(၃ ဒသမ ၆၆)မီတာလမ်းအကျယ်မှ (၅ ဒသမ ၅)မီတာ လမ်းအကျယ်တိုးချဲ့၍ ကတ္တရာခင်းခြင်း၊ (၄၄ ဒသမ ၄၅၈)ကီလိုမီတာမှ (၄၅ ဒသမ ၂)ကီလိုမီတာအတွင်း လမ်းအရှည်(၀ ဒသမ ၇၄၂)ကီလိုမီတာအား မူလ(၃ ဒသမ ၆၆)မီတာ လမ်းအကျယ်မှ (၅ ဒသမ ၅)မီတာ လမ်းအကျယ်တိုးချဲ့၍ ကတ္တရာခင်းခြင်း၊ (၆၃ ဒသမ ၈)ကီလိုမီတာမှ (၆၄ ဒသမ ၃)ကီလိုမီတာ အတွင်း လမ်းအရှည်(၀ ဒသမ ၅)ကီလိုမီတာအား မူလ(၃ ဒသမ ၆၆)မီတာလမ်းအကျယ်မှ (၅ ဒသမ ၅)မီတာ လမ်းအကျယ်တိုးချဲ့၍ ကတ္တရာခင်းခြင်း၊ (၆၄ ဒသမ ၃)ကီလိုမီတာမှ (၆၄ ဒသမ ၈)ကီလိုမီတာအတွင်း လမ်းအရှည်(၀ ဒသမ ၅)ကီလိုမီတာအား မူလ(၃ ဒသမ ၆၆)မီတာလမ်းအကျယ်မှ (၅ ဒသမ ၅)မီတာ လမ်းအကျယ်တိုးချဲ့၍ ကတ္တရာခင်းခြင်း၊ (၅၂ ဒသမ ၈)ကီလိုမီတာမှ (၅၃ ဒသမ ၆)ကီလိုမီတာအတွင်း လမ်းအရှည်(၀ ဒသမ ၆)ကီလိုမီတာအား ကတ္တရာခင်းခြင်း၊ (၅၀ ဒသမ ၄)ကီလိုမီတာမှ (၅၀ ဒသမ ၆) ကီလိုမီတာအတွင်း လမ်းအရှည်(၀ ဒသမ ၂)ကီလိုမီတာအား ကတ္တရာခင်းခြင်း၊ (၆၂ ဒသမ ၈)ကီလိုမီတာမှ (၆၃ ဒသမ ၈) ကီလိုမီတာအတွင်း လမ်းအရှည်(၁)ကီလိုမီတာအား ကတ္တရာခင်းခြင်း၊ (၅၆)ကီလိုမီတာမှ (၅၇ ဒသမ ၆)ကီလိုမီတာ အတွင်း လမ်းအရှည်(၁)ကီလိုမီတာအား ကတ္တရာခင်းခြင်း၊ (၅၃ ဒသမ ၆)ကီလိုမီတာမှ (၅၄)ကီလိုမီတာအတွင်း လမ်းအရှည်(၀ ဒသမ ၄)ကီလိုမီတာအား ကတ္တရာရေပိတ်အလွှာခင်းခြင်းနှင့် (၆၉)ကီလိုမီတာမှ(၇၀)ကီလိုမီတာ အတွင်း၊ (၇၃)ကီလိုမီတာမှ(၇၄)ကီလိုမီတာအတွင်း၊ (၆၄)ကီလိုမီတာမှ(၆၅) ကီလိုမီတာအတွင်း သုံးနေရာတွင် (၁ ဒသမ ၅၂)မီတာ x (၁၂ ဒသမ ၁၉)မီတာ RCC Box Culvert (၃)စင်း ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လမ်းပိုင်းပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုခွင်ပြုငွေနှင့် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) ခွင့်ပြုငွေများဖြင့် ပြည်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်းနှင့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်းသည် မြို့နယ်ကျေးရွာများနှင့် အခြားဒေသများမှ လူသုံးကုန်များ၊ ဒေသထွက်ကုန်များ အလွယ်တကူ သယ်ယူနိုင်ရေး ဖောက်လုပ်ထားသည့် လမ်းမကြီးဖြစ်ပြီး လုပ်ငန်းများပြီးစီးပြီဖြစ်သောကြောင့် လမ်းဘေးကျေးရွာများမှ ပြည်သူများအတွက် လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက် (ကျောက်ဆည်)