ကျောက်ဆည် ၁၈ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသူ လူဦးရေ(၁၁၈)ဦး ရှိလာသည့်အတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေး ဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေ(၄)နာရီက အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းရှိ အဆောင်တစ်ဆောင်အား Facility Quarantine လူဦးရေ တိုးပွားလာခဲ့ပါက ထားရှိရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Facility Quarantine ဝင်ရောက်သူများကို ကျောက်ဆည်နည်းပညာတက္ကသိုလ်ရှိ အခန်း(၁၄၀)ပါ ကျောင်းသားအဆောင် တစ်ဆောင်နှင့် ကျောင်းသူ အဆောင်တစ်ဆောင် စုစုပေါင်းအဆောင်(၂)ဆောင်တွင် ဆောင်ရွက်ထားရှိရာ ယခုအခါ Facility Quarantine ဝင်ရောက်သူဦးရေ (၁၁၈)ဦး ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

 

ထို့ကြောင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက Facility Quarantine ဝင်ရောက်သူဦးရေ တိုးပွားလာပါက အခက်အခဲမရှိစေရေး အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းရှိ အခန်း(၆၀)ပါ အဆောင်တစ်ဆောင်အား လိုအပ်ချက်များ မရှိစေရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)

 

mdn