ကျောက်ဆည်   ၃  မေ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ ယနေ့တွင် Facility Quarantine ဦးရေ (၂၃၁)ဦးရှိပြီး သတ်မှတ်ရက်ပြည့်ပြီး Home Quarantine သို့ ပြောင်းရွှေ့သွားသူ (၆)ဦး ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်၍ ကူးစက်မှု မရှိစေရေးအတွက် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအဖွဲ့များဖွဲ့ပြီး ပြည်ပမှ ပြန်လာသူများ၊ နယ်စပ်များမှပြန်လာသူများနှင့် ရောဂါဖြစ်ပွားနေသည့် မြို့နယ်များမှ ပြန်လာသူများအား စောင့်ကြည့်လျက်ရှိပြီး Facility Quarantine များ ပြုလုပ်ထားရှိသည်။ 

 

ကျောက်ဆည်မြို့နယ်တွင် Facility Quarantine နေရာ (၅၀)ပြုလုပ်ထားပြီး အဆိုပါနေရာများတွင် ယမန်နေ့က လူဦးရေ (၂၀၅)ဦး၊ ယနေ့ ထပ်တိုးဦးရေ (၂၆)ဦး စုစုပေါင်း (၂၃၁)ဦးရှိသော်လည်း (၆)ဦးမှာ Facility Quarantine ရက်ပြည့်သွားပြီ ဖြင့်သဖြင့် Home Quarantine အဖြစ် ဆက်လက်စောင့်ကြည့် လျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

သက်မောင်(ပြန်/ဆက်)